ဒီနေ့ အဖို့တော့ အဲဒီ့အသံလေး နားထဲစွဲလို့နေပါတော့တယ် .. ဘာဖြစ်လို့လဲဆို တော့ …
…
.
အိ.. ဒီမြို့. .ဒီ တက္ကသိုလ်ကိုရောက်တာ ၃လ လောက်ရှိပါပြီ.. တစ်ကျောင်းလုံးမှာ တစ်ခြားမြန်မာ ဆိုလို့ PhD ဖတ်နေတဲ့ ကျောင်းသား နှစ်ယောက်ပဲရှိပါတယ်.. ယောက်ျားလေးတွေဖြစ်တာက တစ်ကြောင်း .. သူတို့ ကောင်မလေးတွေက တစ်ခြားနယ်တွေမှာရှိတာက တစ်ကြောင်းနဲ့ သိရုံသာသိ အဆက်အသွယ်လည်း မရှိ ခင်ခင်မင်မင် မနေခဲ့ဘူး.. ဒီမှာ ကိုယ့်ဘာသာ စကားပြောတတ်တဲ့ ကိုယ်နဲ့ သွားအတူလာအတူ ရှိမယ့် (တစ်ခါတစ်လေဖြစ်ဖြစ်ပေါ့) မိန်းကလေးသူငယ်ချင်းတစ်ယောက်လောက်တော့ တမ်းတမိတာ အမှန်ပဲ ..
စင်္ကာပူ က တက္ကသိုလ်မှာတုန်းက မဇာတို့ သက်ထားတို့ နဲ့ ကျောင်းမှာ အတူတူ သွားကြ စားကြ လျောက်လည်ကြ တာတွေလွမ်းမိပါရဲ့ .. ရှနီးတို့ နွယ်စုတို့လို ညီမလေးတွေလိုခင်ရတဲ့ အချစ်ဆုံး သူငယ်ချင်းတွေ တိုးတိုးတိုင်ပင်ဖော်တွေကို လည်းလွမ်းမိပါရဲ့ .. မိန်းကလေးကျောင်းထွက်ပီပီ .. မိန်းကလေးတွေနဲ့ပဲ ရောရောနှောနှောနေ . .ပိုခင်တတ်တာလည်း အကျင့်လိုဖြစ်နေတယ် .. ယောက်ျားလေးတွေနဲ့ လည်း မပြောမဆိုတာမျိုးတော့ မဟုတ်ပါဘူး.. ခင်ပါတယ် .လူမျိုးခြား အခန်းဖော်ကိုလည်း ကိုယ့် ညီမလို ပဲ မေတ္တာ ထားပြီး ခင်ပါတယ် .. ဒါပေမယ့် နားလည်ကြမလားတော့ မသိ .. ကိုယ့်ဘာသာ ..မြန်မာစကားနဲ့ ပြောတာလောက်တော့ မရင်းနှီးဘူး.. နောက်ပြီး သူက ကိုယ့်ကြိုက်တဲ့ လက်ဖက်နဲ့ ပဲပြုတ်လည်း မကြိုက်ဘူး .. (ဟီး.. သဘောပြောပြတာပါ..)
အလိုက်အထိုက်နဲ့ ရောက်တဲ့ နေရာ မှာ ပျော်အောင် နေတတ်ပေမယ့် . .တစ်ခါတစ်လေတော့လည်း ကျောင်းမှာ ငါနဲ့ အတူတူ မြန်မာစာ အတူတူစားမယ့် ..ဘာအကြောင်း ညာအကြောင်းလေးတွေ ဆွေးနွေးမယ့် မြန်မာမလေး တစ်ယောက်လောက်ရှိယင်ကောင်းသားလို့တွေးမိတယ် ..
အခုလို ငေါင်နေတဲ့ဘ၀မှာ .. နေ့တိုင်းနီးပါးလောက် ကျောင်းက ရေကူးကန်မှာ တစ်ယောက်တည်း ရေသွားသွားကူးတာ အကျင့်လိုဖြစ်နေပြီ.. ရေကူးရတာ ပျော်လို့ .. ဒီနေ့ ရေကူးအပြီး အ၀တ်လဲခန်းမှာ ဆံပင် အခြောက်ခံနေတုန်း ငိုမဲ့မဲ့ အသံလေးနဲ့ ၄ ... ၅ နှစ်အရွယ် ကလေးမလေး တစ်ယောက်ရဲ့ အသံကြားလိုက်မိတယ် .. `မာမီ .. မချမ်းဘူးဆို´ ပြီး တစ်ဟင့်ဟင့်နဲ့ ..
အိ ပီပီသသ ကြီးကို ကြားလိုက်တာပါ .. အရမ်းအံသြ၀မ်းသာသွားပြီး အသံရှင် သားအမိကို လိုက် အရှာ .. အမျိုးသမီးတစ်ယောက် ..`swimming team’s room´ထဲကို ကလေးချီပြီးဝင်သွားတာ လှစ်ကနဲတွေ့လိုက်တယ် .. အဲဒီ့အခန်းက uni swimming team က မဟုတ်ယင် ၀င်လို့ မရဘူး.. အခန်းထဲလည်းချောင်းကြည့်လို့ မရနဲ့ .. သူတို့ သားအမိကို မြင်ချင်စိတ်တွေသာ တစ်ဖွားဖွားပေါ်နေတော့တယ် .. ကလေးချစ်တတ်တဲ့ သူမို့ အဲဒီကလေးကို ရော ..သူ့အမေကိုပါ တစ်ဒင်္ဂ ခင်ချင်မိသွားတာ အမှန်ပါ .. ကျောင်းကသူတွေ နဲ့ သူတို့ရဲ့မိသားစုတွေပဲ ရေကူးခွင့်ရှိတော့ ..သူတို့ လည်း အမေလုပ်တဲ့သူက ကျောင်းသူလား ..ကျောင်းသားတစ်ယောက်ယောက်ရဲ့ မိန်းမလား ..swimming team ကလား (swimming team ကတစ်ယောက်ယောက်နဲ့ ခင်ယင်လည်း အဲဒီ့အခန်းထဲ ၀င်လို့ရတာပဲဟာ)..တွေးနေမိယင်း အ၀မှာ နာရီဝက်လောက် အူကြောင်ကြောင်နဲ့ ရပ်စောင့်နေမိတယ် ..ခက်တာက အဲဒီ (swimming team’s chaning room)က တစ်ခြားဖက်မှာလည်း တံခါးတစ်ပေါက်ရှိတယ် ..
ဒါနဲ့ပဲ အိ အဲဒီသားအမိကို မတွေ့ရပဲ လက်လျော့ပြီး ထွက်လာလိုက်တယ် .. ကိုယ့်ကိုကိုယ်လည်း တော်တော် အူကြောင်ကြောင်နိုင်တာပဲလို့တွေးမိသား .. အကယ်ရွေ့ သူတို့ကိုတွေ့ယင်တောင် အိလွယ်လွယ်နဲ့ မိတ်ဆက်ဖြစ်မှာလည်း မဟုတ်ဘူး .. ဒါပေမယ့်လည်း ကျောင်းက မြန်မာ သားအမိပါလားဆိုပြီး မြင်ဖူးလိုက်ချင်တယ်….စိတ်ထဲက တော့ ရေစက်ရှိယင်တော့ တစ်နေ့ မိတ်ဆွေဖြစ်မှာပါပဲလေလို့ တွေးမိယင်း .. ကလေးလေးရဲ့ အသံပဲ ကြားယောင်နေမိပါတော့တယ် ..
အူကြောင်ကြောင်နေ့တစ်နေ့ပါပဲလေ…

photo's credit to : http://raun.deviantart.com/art/Mother-24694136