Blog EntryDiary ဒိုင်ယာရီSep 23, '07 2:49 AM
for everyone

ဒိုင်ယာရီ

ငါပာာ လကိုတဖြည်းဖြည်း ဆွဲခေါ်ယင်း ခရီးစထွက်ခဲ့တယ် . .
ကြယ်လေးတွေကိုတွေ့တယ် ..
သူတို့က အစကတော့ မရဲတရဲနဲ့ နောက်တော့မှ တဖွဲဖွဲနဲ့ ထွက်လာကြပြီး
ဆယ်ကျော်သက်မျက်ဝန်းလေးတွေနဲ့ လကို ပြုံးပြနှုတ်ဆက်ကြတယ် . .
`အေးချမ်းပါစေ´ တဲ့ . .
ငါနှစ်လိုစွာ အပြုံးတစ်ခုပြန်ချွေခဲ့တယ် . .

ငါပာာ လကိုတဖြည်းဖြည်း ဆွဲခေါ်ယင်း ခရီးဆက်ခဲ့တယ် . .
တောအုပ်တွေကတီးတိုးစကားဆိုနေလို့ . .

တစ်ချက်နှုတ်ဆက်လိုက်သေးတယ် .ဘာတွေတိုင်ပင်နေကြတယ်မသိ . .
သူတို့ရှေ့ရေးအတွက် စိတ်ပူနေကြတယ်ထင်ရဲ့ . .
`စိမ်းလန်းပါစေ´ ..
ငါဆုတောင်းခဲ့ပါတယ် ..

ဟောဟိုက ... အထီးကျန်စွာငြိမ်သက်နေတဲ့ နှင်းတောင်တန်းကြီးတွေက တော့ ..
မာနကြီးတာပဲလား .. သီးသန့်ဆန်ချင်တာပဲလား ..
ငါလာတာတောင် သတိထားမိပုံမပေါ်ဘူး ..
အင်းလေ .. သူတို့ခမျာလည်း နှစ်ပေါင်းများစွာ ရာသီဥတုဒဏ် တွေခံရပါများတော့
ဘာကိုမှအမှုမထားတော့ဘူး . .

ဒီလိုနဲ့ ခရီးဆက်ယင်း တစ်နေရာအရောက် ..
.. သာယာတဲ့ အသံသဲ့သဲ့လေးကြားတယ် ..
.. အို .. စမ်းချောင်းလေးကလှမ်းနှုတ်ဆက်နေတာပဲ ..
ငါနဲ့အတူပါလာတဲ့ လ က ပြုံးပြနှုတ်ဆက်လိုက်တော့ ..
သူမြူးတူးပျော်ရွှင်စွာနဲ့ ခုန်ပေါက်စီးဆင်းသွားလေရဲ့ ..

ငါပာာ လကိုတဖြည်းဖြည်း ဆွဲခေါ်ယင်း ခရီးဆက်ခဲ့တယ် . .
ငိုနေတဲ့ပင်လယ်ဆီကိုရောက်လာတယ် ...
ဘာကြောင့်ပါလိမ့် ..
သြော် .. လကိုတွေ့ယင် သူ့ရဲ့လွမ်းဆွတ်တမ်းတမှုကို မထိန်းနိုင်ရှာဘူး . .
သူ့အတွက် စိတ်မကောင်းဖြစ်မိတယ် . .
မဆုံနိုင်တဲ့ဇတ်လမ်းတစ်ခုအတွက် ဘာလို့ခံစားနေမှာလဲ ပင်လယ်ရယ် . .

မကြည့်ရက်တော့တဲ့အတွက် ငါသူ့ဆီကနေအမြန်ဆုံး ထွက်ခွာလာတော့ ..
ရှေ့မှာ .. ရင်ကို ဟင်းလင်းဖွင့်ယင်း .. စိတ်ကူးယဉ်နေတဲ့ ကန္တာရကိုတွေ့တယ်..
အထီးကျန်ခြင်းရဲ့ လွတ်လပ်မှုကို အပြည့်အ၀ခံစားနေတာပဲလား ..
အတိတ်ရဲ့ သာယာစိုပြည်ခြင်းတွေကို တမ်းတယင်း ကြေကွဲနေတာပဲလား ..
သူပဲသိနိုင်မှာပါပဲလေ ...

ငါပာာ လကိုတဖြည်းဖြည်း ဆွဲခေါ်ယင်း ခရီးဆက်ခဲ့တယ် . .
ဟော ဟိုနား က မှိတ်တုတ်မှိတ်တုတ် ဆီမီးရောင်လေးတွေနဲ့
မ၀ံ့မရဲ နှုတ်ဆက်နေတဲ့ ရွာကလေးကိုတွေ့တယ် . .
လ ကိုတွေ့တော့ ငေးတဲ့သူကငေးတယ် .. ကြည်နူးတဲ့သူကကြည်နူးတယ်..
အဲဒီမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ကလေးငယ်လေးကိုငါတွေ့ခဲ့တယ် ..
လရောင်အလင်းတန်းအောက်မှာ ..
ဟန်ဆောင်မှုတွေ အပူအပင်တွေကင်းတဲ့ ကလေးငယ်ရဲ့ မျက်နှာလေးက
ငါ့ရင်ကိုငြိမ်းချမ်းသွားစေတယ် ..
သူနိုးသွားမှာစိုးရိမ်တဲ့ အတွက် ရှေ့ကို ခရီးဆက်ထွက်ခဲ့တယ် ..
သူ့ရဲ့ အနာဂတ်အတွက် `ငြိမ်းချမ်းပါစေ´ . . ဆုတောင်းခဲ့ပါတယ် ..

ရှေ့နားမှာတော့ လင်းလင်းထိန်နေတဲ့ မြို့ဆီကိုရောက်လာတယ် . .


နီယွန်မီးရောင်တွေ . .လေဆာ အလင်းတန်းတွေအောက်မှာ
မြူးကြွ လှုပ်ရှားနေတဲ့မြို့က ငါ့ကို မသိကျိုးကျွန် နဲ့ ခပ်မဆိတ်ပဲ နေနေတယ် ..
သူကတော့ လ ကို ခံစားကြည်နူးဖို့မဆိုနဲ့ ဂရုတောင်မစိုက်ဘူး . . .
ဝမ်းနည်းသွားတဲ့ လ ကိုနှစ်သိမ့်ယင်း ငါထွက်ခွာခဲ့တယ် ..

သြော် .. ဟိုးဘက်မှာမှာ ရောင်နီတောင်လာပါပေါ့လား ..


ငါ့ခရီးကို အဆုံးသတ်တော့မယ် ..
အားလုံးပဲ နှုတ်ဆက်ခဲ့ပါတယ် ..

 

----------------

စာ အဟောင်းတွေထဲက တစ်ခုပါ.. ကြာပါပြီရေးထားတာ ..

 


hanmyonaung wrote on Sep 23, '07
So nice!!! In fact i can't read it on web page... so copy to MS word and read it... Really nice... I even kept it in my computer... Some more???
cizium wrote on Sep 23, '07, edited on Sep 23, '07
thanks a lot for your comment, bro . ^.^
yep ..I'll write more when I have the mood heehe..

Myanmar Zaw Gyi font can be d/l and installed at www.eieiminthu.com/mambo/gtalkmyanmaraddin.zip =)
mraungj wrote on Oct 3, '07
မြန်မာစာ ရိုက်တာ စိတ်ရှည်သားပဲနော်
:)
lay08 wrote on Oct 14, '07
မမရေ...လကလေးကိုဝမ်းမနည်းနဲ့လို့ပြောလိုက်ပါ...မီးပျက်တဲ့ညတွေဆို လေးက ပြတင်းတံခါးလှပ်ပြီး လကို ပြုံးပြတတ်တယ်...
cizium wrote on Oct 14, '07
-->လေးငယ်
=) အမလည်း လသာတဲ့ ညတွေဆို လမ်းလျှောက်ထွက်ရတာ ကြိုက်တယ် .. များသောအားဖြင့် ညဘက်တွေဆို နေရစိတ်ပိုလွတ်လပ်သလိုပဲနော် .. တစ်ခါတစ်လေ စာတွေရေးဖြစ်တယ် .... လေးငယ်ရော..

--> mraungj
စိတ်ရှည်ပါတယ်ရှင် ..မြန်မာစာရိုက်ရတာ မခက်ပါဘူး =)
Add a Comment
   
© 2008 Multiply, Inc.    About · Blog · Terms · Privacy · Corp Info · Contact Us · Help