ဒီနေ့ ..
ကျောင်းက myanmar fresher welcome bbq party ရှိလို့ pasir ris beach ကို ..
အုပ်စုလိုက် ကျောင်းကနေ ..နေ့လည်တစ်နာရီလောက်သွားကြတယ်..
မနက်က ၉ နာရီ fyp project meeting နဲ့မို့လို့laptop ကိုလည်းသွားလေရာသယ်ယင်း ကိုးလို့ကန်လန်နဲ့ပေါ့..
တကယ်တော့ သိပ်မသွားချင်ခဲ့ဘူး..
ကျောင်းစဖွင့်တည်းက ဒီ အတန်းက သိပ်အရေးကြီးမှန်းသိရက်နဲ့
စိတ်အလိုကို လိုက်ြ့ပီး outing တွေ ခဏခဏထွက်နေတာ ..အချိန်တွေ မစီစဉ်နိုင်ပဲ ..
ဗြောင်းဆန်နေတာ ..ကိုယ့်ကိုကိုယ်သာအသိဆုံး .. ညကအိပ်ရေးမ၀တော့ .. အိပ်ကလည်းအိပ်ချင်နေတာ ..
ဒါပေမယ့်လည်း ..သူငယ်ချင်းတွေကို ခင်နေတဲ့ စိတ်နဲ့ပဲ ..ပါသွားတယ်ဆိုပါတော့ ..
ညမိုးချူပ်ထိမနေဘူးလို့တော့ ကိုယ့်ကိုကိုယ် ဆုံးဖြတ်ထားတယ် ..
ကျောင်းကစထွက်တော့ မိုးကသည်းနေတယ် .ဟိုရောက်တော့ မိုးမရွာဘူး..
ဒါပေမယ့် အုံ့မှိုင်းနေတာပဲ ..
MRT station ကနေ..BBQ pit အထိလမ်းလျှောက်ကြတယ်ဆိုပါတော့ ..
လမ်းမှာ စိမ်းစိုနေတဲ့ရှုခင်းတွေ.. ဒီရေစပ် သစ်တောအုပ်လေးတွေဖြတ်လျှောက်ခဲ့တယ် ..
သူငယ်ချင်းတွေက အိကို ခဏခဏ လှမ်းနောက်ကြတယ်
´အိ ကအိမ်မက်ထဲမှာ လမ်းလျောက်နေတာတဲ့`
ညက မနက်လေးနာရီလောက်အိပ်ပြီး မနက် ရှစ်နာရီလောက် ထထားလို့ လူက မူးနောက်နောက်ဖြစ်နေတာ ...
ှရှုခင်းတွေကို ခံစားယင်း သီချင်းနားထောင်ယင်း ကိုယ့်အတွေးနဲ့ကိုယ် လျောက်နေတာကို.. နောက်ကြတာလေ .
သစ်တောအုပ်လေး တွေနဲ့ မြက်ခင်းပြင်တွေအလွန် .. ပင်လယ်ကို စ အတွေ့မှာ .. တိမ်ညိုတွေလိမ့်လာပြီး မိုးက စရွာတယ် ..
အနီးဆုံး မိုးခိုတဲ့နေရာဆီပြေးဝင်ကြရတာပေါ့.. အားလုံးရဲ့လက်တွေထဲမှာလည်း bbq အတွက်
အထုပ်တွေအပိုးတွေနဲ့ ..မိုးအတိတ်ကို ရပ်စောင့်ယင်း ပင်လယ်ကို ငေးနေကြတာပေါ့ ..
BBQ အတွက်တော့ စိတ်မပူကြပါဘူး.. singapore ရဲ့ မိုးက ဒီလိုပါပဲ ခဏပဲရွာပြီးတိတ်သွားတတ်တာကိုး ..
တဲရဲ့ အမိုးစွန်းကနေ တစ်ဖြောက်ဖြောက်ကျနေတဲ့ မိုးရေစက်တွေကို လက်ဖ၀ါးနဲ့ အသာ ခံနေယင်း..
ရုတ်တရက် မိုးရေထဲ ပြေးဆော့ချင်စိတ် ပေါက်လာတယ် .. မိုးရေထဲ လမ်းလျှောက်တောင် မထွက်တာ ..
အလယ်တန်း ကျောင်းသူဘ၀လောက်တဲ့က ဆိုတော့ ဆယ်နှစ်ကျော်လောက်ရှိနေပြီ..
အဲဒါနဲ့ဘာမှမစဉ်းစားတော့ဘဲ ပါလာတဲ့ လွယ်အိတ်နဲ့ laptop ကို အသာချ ..
မိုးစက်တွေ ပျိုးခင်းလို့ လှချင်တိုင်းလှနေတဲ့ပင်လယ်ထဲ ပြေးထွက်ခဲ့တယ် ..
ပျော်လိုက်တာ ..မိုးစက်တွေကြားထဲ ပင်လယ်ကမ်းစပ်ထဲ မှာ ရပ်ယင်း
လှိုင်းတွေက ကိုယ့်ကို လာတိုးဝှေ့ကြ တာ ခံစားယင်းပေါ့..
သည်းသည်းရွာနေပေမယ့် ..မိုးစက်တွေကလည်း မကြမ်းတမ်းဘူး ကိုယ့်ကိုပေါ်ကို နူးညံ့ညင်သာစွာ ရွာနေတာ...
လေကလည်း တဖြူးဖြူးနဲ့ ပင်လယ်ပြင်ထဲ ခုန်ဆင်းနေတဲ့ မိုးစက်တွေကို ကစဥ့်ကလျားဖြစ်အောင် ကျီစယ်ယင်း..
မိုးရေတွေစိုတဲ့တဲ့ ဆံနွယ်တွေကြားထဲ ပြေးဝင်ကြတယ် ..
အဲဒီလိုအချိန်မှာ အုံ့မှိုင်းနေတဲ့ ကောင်းကင်ကို မော့ကြည့်ပြီး ငေးနေရတာ ..အိမ်မက်မက်နေသလိုပါပဲ ..
ခဏနေတော့ နောက်ကနေ သူငယ်ချင်းတစ်ချို့လည်းလိုက်လာကြတယ် ..သူတို့လည်း ပျော်လို့ပေါ့..
(တစ်ချို့ကလည်း နောက်ကျိနေထဲ့ရေထဲမှာ အကောင်ရှိမှာ ကြောက်ကြနေကြသေးတယ် )
သူတို့က အိကိုမေးတယ် ..
အင်္ကျီအပိုပါလို့လား.. ရေကူးတတ်လို့လား တဲ့..
နှစ်ခုလုံးကို ခေါင်းခါပြီး ပြုံးပြလိုက်တယ် ..
ဘ၀မှာ တစ်ခါတစ်လေတော့ လည်း ဒီလိုရုးသွပ်ခွင့်ရှိပါတယ်နော်. .
တစ်ယောက်ကလည်း မေးတယ် ပြန်ယင်ဘယ်လိုပြန်မလဲတဲ့..
နောက်တော့ သူတို့လည်း အားလုံးပင်လယ်ထဲ ဆင်း ..တစ်ယေက်ကိုတစ်ယောက် စ နောက် ဆော့ကြယင်း
ခဏလေးပါပဲ..မိုးတိတ်သွားရော..
ဒီလိုနဲ့ပဲ ညနေခင်း မှာ ရာသီဥတုက သာယာလို့ game တွေဆော့ကြ bbq ကင်ကြယင်း အင်္ကျီတွေခြောက်သွားတယ် ..
စက်ဘီးလေး ခဏစီးပြီး ၆နာရီမှာ ပြန်ခဲ့တယ် ..သူငယ်ချင်းတွေကိုတော့ အားနာပါတယ်.. ညဥ့်နက်တဲ့ အထိ မနေနိုင်လို့ . ..
ဒီလိုပဲပေါ့ကွယ် ဒီရက်ပိုင်း..ပျော်စရာတွေလည်း ပျော်ပြီးပြီ.. ကြည်နူးစရာတွေလည်း ကြည်နူးခဲ့ပြီ .. လုပ်ချင်တာတွေလည်းလုပ်ခဲ့ပြီ..
လုပ်သင့်တာတွေကိုလည်း အချိန်ပေးရဦးမယ်လေ.. (ပုံလည်း ပုံနေပြီ ..ဟီး )
အဲဒီလို့လုပ်သင့်တာတွေကို မလုပ်ချင်တဲ့ စိတ်ဖြစ်တိုင်း မေမေပြောဖူးတဲ့ စကားလေးတစ်ခွန်းက ခေါင်းထဲဝင်လာတယ် ..
ဆယ်တန်းတုန်းက စာမေးပွဲတွေ အတွက်ကြိုးစားယင်း စိတ်ပင်ပန်းလွန်းလို့ စာမကျက်ချင်တော့ မေမေက ပြောတယ် ..
စာမေးပွဲက ပြီးသွားတော့ မှ ကိုယ်စာသိပ်ကျက်ချင်ယင်တောင် ဘာမှအကျိုးရှိလာမှာ မဟုတ်ဘူးတဲ့ ..ဒီအချိန်လေးပဲကြိုးစားရတာ သမီးရယ် တဲ့
မေမေပြောတာ ဟုတ်တယ် နော် အခွင့်အရေးတွေ challenge တွေက ကိုယ့်အရည်အချင်းကို စမ်းသပ်နေတာ.. ပြီးတော့ နှစ်ခါပြန်မလာဘူး ..
အချိန်ပေးတုန်းလေး ကြိုးစားလိုက်စမ်းပါ အိရယ် .. (ဟီး self -motivation လုပ်နေတာ .. )
ဘာပဲဖြစ်ဖြစ်ဒီနေ့က တော့ အမှတ်တရပေါ့ .. =)