.: Things on the Little Earth :.

Blog EntryI'm so sad :(May 7, '08 8:16 PM
for everyone
News from http://news.bbc.co.uk/2/hi/asia-pacific/7389083.stm
Sigh... the deaths, horror and tragedy under the flood ...



ဒီနေ့ အဖို့တော့ အဲဒီ့အသံလေး နားထဲစွဲလို့နေပါတော့တယ် .. ဘာဖြစ်လို့လဲဆို တော့ …

.

အိ.. ဒီမြို့. .ဒီ တက္ကသိုလ်ကိုရောက်တာ ၃လ လောက်ရှိပါပြီ.. တစ်ကျောင်းလုံးမှာ တစ်ခြားမြန်မာ ဆိုလို့ PhD ဖတ်နေတဲ့ ကျောင်းသား နှစ်ယောက်ပဲရှိပါတယ်.. ယောက်ျားလေးတွေဖြစ်တာက တစ်ကြောင်း .. သူတို့ ကောင်မလေးတွေက တစ်ခြားနယ်တွေမှာရှိတာက တစ်ကြောင်းနဲ့ သိရုံသာသိ အဆက်အသွယ်လည်း မရှိ ခင်ခင်မင်မင် မနေခဲ့ဘူး.. ဒီမှာ ကိုယ့်ဘာသာ စကားပြောတတ်တဲ့ ကိုယ်နဲ့ သွားအတူလာအတူ ရှိမယ့် (တစ်ခါတစ်လေဖြစ်ဖြစ်ပေါ့)  မိန်းကလေးသူငယ်ချင်းတစ်ယောက်လောက်တော့ တမ်းတမိတာ အမှန်ပဲ ..

 စင်္ကာပူ က တက္ကသိုလ်မှာတုန်းက မဇာတို့ သက်ထားတို့ နဲ့ ကျောင်းမှာ အတူတူ သွားကြ စားကြ လျောက်လည်ကြ တာတွေလွမ်းမိပါရဲ့ .. ရှနီးတို့ နွယ်စုတို့လို ညီမလေးတွေလိုခင်ရတဲ့ အချစ်ဆုံး သူငယ်ချင်းတွေ တိုးတိုးတိုင်ပင်ဖော်တွေကို လည်းလွမ်းမိပါရဲ့ .. မိန်းကလေးကျောင်းထွက်ပီပီ .. မိန်းကလေးတွေနဲ့ပဲ ရောရောနှောနှောနေ . .ပိုခင်တတ်တာလည်း အကျင့်လိုဖြစ်နေတယ် .. ယောက်ျားလေးတွေနဲ့ လည်း မပြောမဆိုတာမျိုးတော့ မဟုတ်ပါဘူး.. ခင်ပါတယ် .လူမျိုးခြား အခန်းဖော်ကိုလည်း ကိုယ့် ညီမလို ပဲ မေတ္တာ ထားပြီး ခင်ပါတယ် .. ဒါပေမယ့် နားလည်ကြမလားတော့ မသိ .. ကိုယ့်ဘာသာ ..မြန်မာစကားနဲ့ ပြောတာလောက်တော့ မရင်းနှီးဘူး.. နောက်ပြီး သူက ကိုယ့်ကြိုက်တဲ့ လက်ဖက်နဲ့ ပဲပြုတ်လည်း မကြိုက်ဘူး .. (ဟီး.. သဘောပြောပြတာပါ..)

 အလိုက်အထိုက်နဲ့ ရောက်တဲ့ နေရာ မှာ ပျော်အောင် နေတတ်ပေမယ့် . .တစ်ခါတစ်လေတော့လည်း ကျောင်းမှာ ငါနဲ့ အတူတူ မြန်မာစာ အတူတူစားမယ့် ..ဘာအကြောင်း ညာအကြောင်းလေးတွေ ဆွေးနွေးမယ့် မြန်မာမလေး တစ်ယောက်လောက်ရှိယင်ကောင်းသားလို့တွေးမိတယ် ..

အခုလို ငေါင်နေတဲ့ဘ၀မှာ .. နေ့တိုင်းနီးပါးလောက် ကျောင်းက ရေကူးကန်မှာ တစ်ယောက်တည်း ရေသွားသွားကူးတာ အကျင့်လိုဖြစ်နေပြီ.. ရေကူးရတာ ပျော်လို့ .. ဒီနေ့ ရေကူးအပြီး အ၀တ်လဲခန်းမှာ ဆံပင် အခြောက်ခံနေတုန်း ငိုမဲ့မဲ့ အသံလေးနဲ့ ၄ ... ၅ နှစ်အရွယ် ကလေးမလေး တစ်ယောက်ရဲ့ အသံကြားလိုက်မိတယ် .. `မာမီ .. မချမ်းဘူးဆို´ ပြီး တစ်ဟင့်ဟင့်နဲ့ ..

အိ ပီပီသသ ကြီးကို ကြားလိုက်တာပါ .. အရမ်းအံသြ၀မ်းသာသွားပြီး အသံရှင် သားအမိကို လိုက် အရှာ .. အမျိုးသမီးတစ်ယောက် ..`swimming team’s room´ထဲကို ကလေးချီပြီးဝင်သွားတာ လှစ်ကနဲတွေ့လိုက်တယ် .. အဲဒီ့အခန်းက uni swimming team က မဟုတ်ယင် ၀င်လို့ မရဘူး.. အခန်းထဲလည်းချောင်းကြည့်လို့ မရနဲ့ .. သူတို့ သားအမိကို မြင်ချင်စိတ်တွေသာ တစ်ဖွားဖွားပေါ်နေတော့တယ် .. ကလေးချစ်တတ်တဲ့ သူမို့ အဲဒီကလေးကို ရော ..သူ့အမေကိုပါ တစ်ဒင်္ဂ ခင်ချင်မိသွားတာ အမှန်ပါ .. ကျောင်းကသူတွေ နဲ့ သူတို့ရဲ့မိသားစုတွေပဲ ရေကူးခွင့်ရှိတော့ ..သူတို့ လည်း အမေလုပ်တဲ့သူက ကျောင်းသူလား ..ကျောင်းသားတစ်ယောက်ယောက်ရဲ့ မိန်းမလား ..swimming team ကလား (swimming team ကတစ်ယောက်ယောက်နဲ့ ခင်ယင်လည်း အဲဒီ့အခန်းထဲ ၀င်လို့ရတာပဲဟာ)..တွေးနေမိယင်း အ၀မှာ နာရီဝက်လောက် အူကြောင်ကြောင်နဲ့ ရပ်စောင့်နေမိတယ် ..ခက်တာက အဲဒီ (swimming team’s chaning room)က တစ်ခြားဖက်မှာလည်း တံခါးတစ်ပေါက်ရှိတယ် ..

ဒါနဲ့ပဲ အိ အဲဒီသားအမိကို မတွေ့ရပဲ လက်လျော့ပြီး ထွက်လာလိုက်တယ် .. ကိုယ့်ကိုကိုယ်လည်း တော်တော် အူကြောင်ကြောင်နိုင်တာပဲလို့တွေးမိသား .. အကယ်ရွေ့ သူတို့ကိုတွေ့ယင်တောင် အိလွယ်လွယ်နဲ့ မိတ်ဆက်ဖြစ်မှာလည်း မဟုတ်ဘူး .. ဒါပေမယ့်လည်း ကျောင်းက မြန်မာ သားအမိပါလားဆိုပြီး မြင်ဖူးလိုက်ချင်တယ်….စိတ်ထဲက တော့ ရေစက်ရှိယင်တော့ တစ်နေ့ မိတ်ဆွေဖြစ်မှာပါပဲလေလို့ တွေးမိယင်း .. ကလေးလေးရဲ့ အသံပဲ ကြားယောင်နေမိပါတော့တယ် ..

အူကြောင်ကြောင်နေ့တစ်နေ့ပါပဲလေ…


photo's credit to : http://raun.deviantart.com/art/Mother-24694136


Blog Entry2007-10-21: Evil Machine ..Mar 29, '08 10:34 PM
for everyone

Long time never read my  fav Sinfest cartoon... Here it goes again .. "Diet Evil " haha ..
We, humans, live  in balancing our temptation,desire and morality.. how poor things...
Credit  to: www.sinfest.netEvil Machine

Blog EntryColor HarmonyMar 26, '08 12:38 AM
for everyone
These are just my presentation slides. I've used one of bro DOP (PhantomMask) 's photos. Sorry bro ! I didn't have time to ask you abt it. :D So here is the attached presentation for those who are interested in Color Harmony! :)
Attachment: Color Harmony_EiEiMinThu.ppt

Blog Entryအမှတ်တမဲ့နောင်တ Feb 21, '08 2:28 PM
for everyone

စင်္ကာပူမှာတုန်းကတော့ အစေ့ခြွေထားတဲ့ butter corn တွေကိုပဲ သရေစာအဖြစ်စားနေကျ.. ပြောင်းဖူးကို ဗိုက်ဆာလို့စားတယ်ဆိုတာ မရှိဖူးဘူး .. နောက်ပြီး အခုလို အဖူးလိုက်ပြုတ်ထားတာလည်း မစားဖြစ်တာ ကြာပြီရော..ဒီနေ့ အိမ်မှာတစ်ယောက်တည်း အတန်းမသွားခင် ဗိုက်ဆာတာနဲ့ အခုလိုအိမ်မှာ တခြားစားစရာလည်း မရှိ (မ၀ယ်ရသေးလို့) ၊ ရှိတဲ မနက်က ပြုတ်ထားတဲ့ပြောင်းဖူးပြုတ်စား ယင်း စာလုပ်နေတုန်း ရုတ်တရတ် မြင်ကွင်းတစ်ခုကိုသွား သတိရမိတယ် ..

အဲဒါက နောက်ဆုံးတစ်ခေါက် ရန်ကုန်ပြန်တုန်းက ကလေးမလေးတစ်ယောက် ပြောင်းဖူး စားနေတဲ့ပုံလေး .. ဘာလို့နောင်တရမိလည်းဆိုတော့ ..

၂၀၀၆ ရန်ကုန်ပြန်တဲ့ အခေါက်က ရေကျော်ဈေးကို မေမေနဲ့ တစ်မနက်လိုက်သွားခဲ့တယ်။ မနက်နေခြည်ဖြာဖြာ အောက်မှာ လမ်းဘေးတစ်ဖက်တစ်ချက်မှာ ဈေးတန်းတွှေ၊ ဈေးဝယ် ဈေးသည်တွေနဲ့ မြင်ကွင်းက အတော့်ကို စည်းကားလှုပ်ရှားလို့။ ဈေးလည်းရောက်ရော.. ၁၀ နှစ် ၁၁ နှစ် အရွယ်၊ ခရေပန်း စံပယ်ပန်း ရောင်းနေတဲ ကလေးတွေတွေ့ရတာ စိတ်မကောင်းတော်တော်ဖြစ်မိတယ်။ ဒါနဲ့ မေမေ့ကို ဟိုပန်းလည်း ၀ယ်မယ် ဒီပန်းလည်း ၀ယ်မယ် ဆိုပြီး ပန်းတွေကို ဟိုကလေးဆီက နည်းနည်း ၊ဒီကလေးဆီက နည်းနည်း ၀ယ်နဲ့ မေမေက ဘုရားပန်းအိုးမဆန့်တော့ဘူးလို့ တားယူရတယ် .. မေမေက စာနာပြီး ပြောပါတယ် `..နေ့တိုင်းလည်း ၀ယ်နိုင်တာမှမဟုတ်ပဲနဲ့ ။ သမီးက အခုမှတွေ့လို့ အရမ်းစိတ်မကောင်းဖြစ်နေတာ.. ဒါမျိုးက နေရေတကာမှာပါပဲ´ တဲ့ ..

ဒါနဲ့ ဟုတ်တော့လည်းဟုတ်တာပဲလို့ သူတို့ဘ၀တွေကို စိတ်မကောင်းစွာနဲ့ တိတ်တိတ် စဉ်းစားယင်း မေမေ့နောက်က ခြင်းတောင်းဆွဲယင်း လိုက်ခဲ့တယ် ။ တစ်နေရာ အရောက် ဟင်းသီးဟင်းရွက် ၀ယ်နေတုန်း ဘေးနားမှာ ပြောင်းဖူးပြုတ်တောင်းနဲ့ ဈေးရောင်းနေတဲ့ ၈နှစ်အရွယ်လောက် ကလေးမလေးကို ငေးနေမိတယ်။ ပြောင်းဖူးဗန်းအစွန်နားက ပြောင်းဖူးစေ့တွေကို ခဏခဏ ခိုးခိုးပြီးခြွေစား နေတာ။ တစ်စေ့နှစ်စေ့လောက် ဖဲ့လိုက် ပြောင်းဖူး ဖက်ကို ပြန်ဖုံးလိုက်၊ ပါးစပ်လှစ်ကနဲထည့် လိုက်နဲ့ ။ မေမေဈေးဝယ်လည်း ပြီးရော ဟင်းရွက်သည် အဒေါ်ကြီးက သူ့ခိုးစားနေတောတွေသွားပြီး ဆူပါလေရော၊ သူ့ အမေလား အဒေါ်လားတော့ မသိပါဘူး။ လက်ကလည်းကလေးမလေးခေါင်းကို ခေါက်ကနဲ ပဲ.. လန့်ဖြန့်သွားတဲ့ ကလေးမလေးက လည်း ပြောင်းဖူးဗန်းကို တိုက်မိပြီး ငိုမဲ့မဲ့နဲ့ .. တော်သေးတယ် ဗန်း မမှောက်လို့ ..

အဖြစ်အပျက်ကို နောက် တစ်လှည့်လှည့်ကြည့်ယင်းနဲ့ပဲ ဒါမျိုးကဖြစ်တတ်ပါတယ်လေလို့တွေးပြီး မေမေ့နောက် ဆက်လိုက်ခဲ့တယ်။ မေမေကတော့ သူ့အာရုံနဲ့သူ သတိထားမိပုံမပေါ်ဘူး..

အဖြစ်အပျက်ကတော့ အဲဒါပါပဲ ..အဲဒီတုန်းကတော့ ကလေးမလေးခိုးစားလို့ အရိုက်ခံတာပဲလို့ တွေးမိပြီး စိတ်မကောင်းဖြစ်ရုံကလွဲလို့ မေ့မေ့ပျောက်ပျောက်ပဲ ..အခု ပြောင်းဖူးစားယင်းနဲ့ စဉ်းစားမိတာက .. သူဗိုက်ဆာနေလို့လည်းဖြစ်နိုင်တာပဲလို့ ကိုယ်ချင်းစာမိတယ်.. အဲဒီတုန်း သူ့အရိုက်မခံရယင် အဲဒီပြောင်းဖူးဝယ်ပြီးသူ့ကို ပြန်ကျွေးလိုက်ရကောင်းသားလို့ အခုမှတွေးမိတယ် .. ငါဘာလို့ အဲဒီတုန်းက မစဉ်းစားမိပါလိမ့်နော် ..သူလည်း အနည်းဆုံး တစ်မနက်တော့ ဗိုက်မဆာတော့ဘူးပေါ့. နောက်ပြီး အနည်းဆုံးတော့ ခိုးမစားရဘူးပေါ့နော် ..တွေးမိတာပါ..

.. ဒါပါပဲ ..တစ်ခါတစ်လေ ..အမှတ်တမဲ့ ကိစ္စလေး တွေ ကတွေးစရာပေါ်လာတတ်တယ် ..

စာကြွင်း

--------

ဖေမြင့်ရဲ့ နှလုံးသားအာဟာရ (Chicken Soup ဘာသာပြန်) စာအုပ် ထဲက သောင်ပေါ်တင်ကျန်ခဲ့တဲ့ကြယ်ငါးတွေကို ပင်လယ်ထဲပြန်ပစ်ထည့်ပေးတဲ့သူ ပြောတဲ့စကားကို လည်း သတိရမိတယ်

ဖတ်ဖူးတဲ့သူတွေတော့သိပါလိမ့်မယ်..  မြန်မာပြည်က ကြယ်ငါးလေးတွေ သောင်ပြင်ပေါ်မှာ အများကြီးပဲ..

Current Mood: sad


Blog EntryMy Photoshop Exercise 2Jan 30, '08 7:44 PM
for everyone
Which one is original and which one is my touch? It's pretty easy to tell , isn't it? hehe :D

Blog EntrySenseless Special Edition: Student LifeNov 18, '07 10:48 PM
for everyone
funny hehe.. following is copied from worry vs donut blog..
---------------------

SPECIAL EDITION!
Translated from the Chinese original by the very kawaii Yue, reformatted by me.

This is dedicated to all the hard working students out there. And bunnies.

an introduction to

Student Life

starring a bunch of confused bunny…people…things

The semester begins!
One week later
Two weeks later
Before midterms
During midterms
After midterms
Finals are approaching…
…and you find out when they are.
7 days before the final
6 days before the final
5 days before the final
4 days before the final
3 days before the final
2 days before the final
The day before the final
The night before the final
One hour before the final
During the final
After the final
Your feelings for the teacher after the final

Now how’s that for an educational experience? Of course, this is NOTHING like my academic life at all. No, really, it isn’t.

*crawls back towards books with a groan*



-----------------

credit to http://www.worryvsdonuts.com/?p=82#comment-292





ကျောက်စာတွေအကြောင်း  ..တစ်သက်နဲ့တစ်ကိုယ် ဖတ်ဖူးတာဆိုလို့ ဆယ်တန်းမြန်မာ စကားပြေလက်ရွေးစင် ဖတ်စာအုပ်ထဲ က ရာဇကုမာရ် ကျောက်စာ၊ သိင်္ဂသူ့သမီးကျောက်စာ နဲ့ မိဖုရားဖွားစောရဲ့ ကျောက်စာ သုံးချပ်ရယ်ပါ .. လွန်ခဲ့တဲ့ ရ နှစ် ၈နှစ်လောက်က ဆိုတော့ စာတွေ အတိအကျကိုတော့ မမှတ်မိတော့ပေမယ့် ရင်ထဲမှာ တော့ အဲဒီကျောက်စာတွေထဲက တချို့ အကြောင်းအရာလေးတွေ ခုထိကျန်နေဆဲ..

 

ကျောက်စာတွေကလည်း ဒီခေတ် blog တွေလိုပါပဲ စာတွေကတဆင့် ရေးသူရဲ့ ခံစားချက်နဲ့ ခံယူချက်တွေကို မျှဝေခံစားရပါတယ် .. သိင်္ဂသူ့သမီး၊ မိဖုရားဖွားစော နဲ့ ရာဇကုမာရ်တို့လည်း ဒီခေတ်မှာသာဆိုယင် ကိုယ်ပိုင် blog တွေကိုယ်စီ ရှိကြမလားမသိဘူး.. အိတို့လည်း အရင်ခေတ်သာဆို ရေးချင်သမျှတွေ ကျောက်စာမှာ ထွင်းနေရတာနဲ့ တင် ပြီးမှာ မဟုတ်တော့ဘူး.. ကိုယ် ဖတ်ချင်တဲ့သူရဲ့ ကျောက်စာတွေကိုလည်း DHL တို့ FedEx တို့နဲ့ ဈေးကြီးပေးပြီး မှာရမလားမသိ..

 

ခုနက ကျောက်စာသုံးချပ်အကြောင်း မှတ်မိသလောက် ပြန်ဆက်ရယင်.. အဲဒီကျောက်စာတွေက သူ့တို့ အလှုအကြောင်းမှတ်တမ်းတင်ထားတာပါ ..အကြမ်းဖျဉ်း သုံးပိုင်းပါလေ့ရှိတယ် .. အလှုအကြောင်း၊ ရည်ရွယ်ချက်နဲ့ ဆုတောင်းပါ ..တစ်ချို့တော်တော်များများ မှာတော့ ဆုတောင်းနဲ့အတူ ကျိန်စာပါ ပါတယ် (ဆယ်တန်းမှာ အဲဒီသင်ရိုးနဲ့ကြုံတဲ့သူတွေအားလုံးလည်းဖတ်ဖူးမှာပါ)

 

အကြိုက်ဆုံးကတော့ သိင်္ဂသူ့သမီးရဲ့ ကျောက်စာပါ ..

 

“ အချင်းချင်း အမျက်အဤတစေ့မရှိ ချစ်သောမျက်စိဖြင့်ရှုကြစေလိုသတည်း”

 

ဆိုတဲ့ စကားလေးကို အကြိုက်ဆုံးပါပဲ .. လူအချင်းချင်း ချစ်ခင်တဲ့စိတ်နဲ့ကြည့်ဖို့က ထင်သလောက်မလွယ်ဘူးနော်.. ကိုယ့်ကို ဒုက္ခရောက်အောင်လုပ်တဲ့သူ ..မကောင်းကြံတဲ့သူ မဆိုထားနဲ့ .. တချို့သူတွေက ကိုယ်နဲ့ မသွင်မတူ မမြင်မတူယင် မကြိုက်ကြဘူး ..

တစ်ချို့တွေကြတော့ ကိုယ့်လောက်မတော်ယင် အရည်အချင်းမရှိယင် မချမ်းသာယင် ..ဂုဏ်မရှိယင် သူကဘာမို့လို့လဲ ငါကတော့ ဘာပဲ ဆိုတဲ့စိတ် အယင်ဆုံးဝင်လာတတ်ကြတယ် .. တစ်ချို့ကြတော့လည်းအောင်မြင် ချမ်းသာ လှပတဲ့သူတွေကို ဘလိုင်းကြီး အမြင်ကတ်ကြပြန်ရော ..

 

ဒီလိုလောကကြီးထဲမှာ .. သူ့ရဲ့ကျောက်စာကိုဖတ်ပြီး သူ့ရဲ့ ရောင့်ရဲ အေးချမ်းတဲ့ မေတ္တာစိတ်ထားကို အားကျလေးစားမိတယ် ..  သူရဲ့ ကျောက်စာထဲမှာသူများတွေလိုကျိန်စာ တိုက်ထားတာလဲမပါဘူး.. ခမ်းနားမြင့်မြတ်မှုတွေကို တောင်းဆိုထားတာလည်း မပါဘူး ..

မိဖုရားဖွားစောရဲ့ကျောက်စာထဲက..

 

“ လူဖြစ်လျှင်လည်း လူတကာထက် သာသော မြတ်သော .. နတ်ဖြစ်လျှင်လည်းနတ်တကာတို့ထက်သာသောမြတ်သော ..လှသော၊ ချမ်းသာကြီးသော..”

 

အစရှိတဲ့ဆုတောင်းထက်စာယင် သူရဲ့ ရိုးရှင်းတဲ့ဆုတောင်းလေးကို ပိုနှစ်သက်မိတယ် ..

မိဖုရားဖွားစောကို မကောင်းဘူးလို့ ပြောတာတော့ မဟုတ်ဘူး ..သူ့နေရာမှာ ကိုယ်သာဆိုလည်း အဲဒီလိုဆုတောင်းမိမလားမသိ.. မိဖုရားဖွားစောက အဲဒီခေတ်က လူတန်းစားအားလုံးတဲ့ အမြင့်ဆုံး ဖြစ်တဲ့ နန်းတွင်းသူလည်းဖြစ်ရတယ် .. မိန်းမသားတွေအတွက် အမြင့်ဆုံးဖြစ်တဲ့ မိဖုရား လည်းဖြစ်ရတော့ သူ့ဘ၀ကို နှစ်သက်ပြီး အဲဒီလိုမျိုးဘ၀ကိုပဲ သူပြန်လိုချင်မိမှာပဲနော် ..

 

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ကျောက်စာတွေဖတ်ပြီး ဒီနှစ်ယောက်လုံးဆီက တစ်မျိုးစီတွေးစရာ …သင်ယူစရာ ရတယ်ထင်မိတာပါပဲ…



Blog Entryမှီပါသေးတယ်နော် ...Sep 24, '07 10:36 PM
for everyone

မေရေ..

 

သမီး အခုနေ ပြုပြင်ယင် မှီပါသေးတယ်နော်? ...
မွန်းကြပ်လိုက်တာ ..
ကုန်သွားတဲ့အချိန်တွေရယ် . . မရေမရာနဲ့ မြောလွင့် ..
မနားတမ်းလိုက်တတ်တဲ့ deadline တွေရဲ့ ခံတွင်းဝ ရှေ့  …
အကြိမ်ကြိမ် ချော်လဲလို့ .. တည်းတည်းလွတ်ရုံ ဒရောသောပါး ပြေးနေ ခဲ့တယ်  …
အပြုံးတော့ မပျက်ခဲ့ပါဘူး .. မီးခိုးငွေ့တွေ .. သူများတွေကို မ မွှန်စေ ချင်ပါဘူး ..

လောလောဆယ် ဦးတည်ချက်ရှိရက်နဲ့ လမ်းပျောက်
sociable loner တစ်ယောက် ..
ကြောက်တတ်နေတယ် ..

ဒါပေမယ့် ဖြစ်ပါတယ် ..
ဒီလိုပဲ ကိုယ့်ကိုကိုယ် ပြန်တည့်မတ်ယင်း


ရှေ့ဆက်လျှောက်ရမှာပေါ့ . ဟုတ်တယ်ဟုတ် .. အရင်တုန်းကလည်း ဒီလိုပဲ လျှောက်ခဲ့တာပဲလေ .. ^.^

`လူတွေသည် ကိုယ်စိုက်တဲ့မျိုးစေ့၏ ကောက်ပင်ကို တစ်နေ့ရိတ်သိမ်းရ၏။´

`မိမိပြုသည့်ကံ၏ အကျိုးကို မိမိသာ ခံစားရ၏

`All beings are owners of their karma.’

သမီးရဲ့ လေလွင့်လျော့ရဲ နေတဲ့ စိတ်တွေကို တတ်နိုင်သမျှ ပြန်စုစည်းပြီး ရှေ့ဆက် ဖို့ကြိုးစားမှာပါ ..

မှီပါသေးတယ်နော် ?..
^.^


Blog EntryDiary ဒိုင်ယာရီSep 23, '07 2:49 AM
for everyone

ဒိုင်ယာရီ

ငါပာာ လကိုတဖြည်းဖြည်း ဆွဲခေါ်ယင်း ခရီးစထွက်ခဲ့တယ် . .
ကြယ်လေးတွေကိုတွေ့တယ် ..
သူတို့က အစကတော့ မရဲတရဲနဲ့ နောက်တော့မှ တဖွဲဖွဲနဲ့ ထွက်လာကြပြီး
ဆယ်ကျော်သက်မျက်ဝန်းလေးတွေနဲ့ လကို ပြုံးပြနှုတ်ဆက်ကြတယ် . .
`အေးချမ်းပါစေ´ တဲ့ . .
ငါနှစ်လိုစွာ အပြုံးတစ်ခုပြန်ချွေခဲ့တယ် . .

ငါပာာ လကိုတဖြည်းဖြည်း ဆွဲခေါ်ယင်း ခရီးဆက်ခဲ့တယ် . .
တောအုပ်တွေကတီးတိုးစကားဆိုနေလို့ . .

တစ်ချက်နှုတ်ဆက်လိုက်သေးတယ် .ဘာတွေတိုင်ပင်နေကြတယ်မသိ . .
သူတို့ရှေ့ရေးအတွက် စိတ်ပူနေကြတယ်ထင်ရဲ့ . .
`စိမ်းလန်းပါစေ´ ..
ငါဆုတောင်းခဲ့ပါတယ် ..

ဟောဟိုက ... အထီးကျန်စွာငြိမ်သက်နေတဲ့ နှင်းတောင်တန်းကြီးတွေက တော့ ..
မာနကြီးတာပဲလား .. သီးသန့်ဆန်ချင်တာပဲလား ..
ငါလာတာတောင် သတိထားမိပုံမပေါ်ဘူး ..
အင်းလေ .. သူတို့ခမျာလည်း နှစ်ပေါင်းများစွာ ရာသီဥတုဒဏ် တွေခံရပါများတော့
ဘာကိုမှအမှုမထားတော့ဘူး . .

ဒီလိုနဲ့ ခရီးဆက်ယင်း တစ်နေရာအရောက် ..
.. သာယာတဲ့ အသံသဲ့သဲ့လေးကြားတယ် ..
.. အို .. စမ်းချောင်းလေးကလှမ်းနှုတ်ဆက်နေတာပဲ ..
ငါနဲ့အတူပါလာတဲ့ လ က ပြုံးပြနှုတ်ဆက်လိုက်တော့ ..
သူမြူးတူးပျော်ရွှင်စွာနဲ့ ခုန်ပေါက်စီးဆင်းသွားလေရဲ့ ..

ငါပာာ လကိုတဖြည်းဖြည်း ဆွဲခေါ်ယင်း ခရီးဆက်ခဲ့တယ် . .
ငိုနေတဲ့ပင်လယ်ဆီကိုရောက်လာတယ် ...
ဘာကြောင့်ပါလိမ့် ..
သြော် .. လကိုတွေ့ယင် သူ့ရဲ့လွမ်းဆွတ်တမ်းတမှုကို မထိန်းနိုင်ရှာဘူး . .
သူ့အတွက် စိတ်မကောင်းဖြစ်မိတယ် . .
မဆုံနိုင်တဲ့ဇတ်လမ်းတစ်ခုအတွက် ဘာလို့ခံစားနေမှာလဲ ပင်လယ်ရယ် . .

မကြည့်ရက်တော့တဲ့အတွက် ငါသူ့ဆီကနေအမြန်ဆုံး ထွက်ခွာလာတော့ ..
ရှေ့မှာ .. ရင်ကို ဟင်းလင်းဖွင့်ယင်း .. စိတ်ကူးယဉ်နေတဲ့ ကန္တာရကိုတွေ့တယ်..
အထီးကျန်ခြင်းရဲ့ လွတ်လပ်မှုကို အပြည့်အ၀ခံစားနေတာပဲလား ..
အတိတ်ရဲ့ သာယာစိုပြည်ခြင်းတွေကို တမ်းတယင်း ကြေကွဲနေတာပဲလား ..
သူပဲသိနိုင်မှာပါပဲလေ ...

ငါပာာ လကိုတဖြည်းဖြည်း ဆွဲခေါ်ယင်း ခရီးဆက်ခဲ့တယ် . .
ဟော ဟိုနား က မှိတ်တုတ်မှိတ်တုတ် ဆီမီးရောင်လေးတွေနဲ့
မ၀ံ့မရဲ နှုတ်ဆက်နေတဲ့ ရွာကလေးကိုတွေ့တယ် . .
လ ကိုတွေ့တော့ ငေးတဲ့သူကငေးတယ် .. ကြည်နူးတဲ့သူကကြည်နူးတယ်..
အဲဒီမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ကလေးငယ်လေးကိုငါတွေ့ခဲ့တယ် ..
လရောင်အလင်းတန်းအောက်မှာ ..
ဟန်ဆောင်မှုတွေ အပူအပင်တွေကင်းတဲ့ ကလေးငယ်ရဲ့ မျက်နှာလေးက
ငါ့ရင်ကိုငြိမ်းချမ်းသွားစေတယ် ..
သူနိုးသွားမှာစိုးရိမ်တဲ့ အတွက် ရှေ့ကို ခရီးဆက်ထွက်ခဲ့တယ် ..
သူ့ရဲ့ အနာဂတ်အတွက် `ငြိမ်းချမ်းပါစေ´ . . ဆုတောင်းခဲ့ပါတယ် ..

ရှေ့နားမှာတော့ လင်းလင်းထိန်နေတဲ့ မြို့ဆီကိုရောက်လာတယ် . .


နီယွန်မီးရောင်တွေ . .လေဆာ အလင်းတန်းတွေအောက်မှာ
မြူးကြွ လှုပ်ရှားနေတဲ့မြို့က ငါ့ကို မသိကျိုးကျွန် နဲ့ ခပ်မဆိတ်ပဲ နေနေတယ် ..
သူကတော့ လ ကို ခံစားကြည်နူးဖို့မဆိုနဲ့ ဂရုတောင်မစိုက်ဘူး . . .
ဝမ်းနည်းသွားတဲ့ လ ကိုနှစ်သိမ့်ယင်း ငါထွက်ခွာခဲ့တယ် ..

သြော် .. ဟိုးဘက်မှာမှာ ရောင်နီတောင်လာပါပေါ့လား ..


ငါ့ခရီးကို အဆုံးသတ်တော့မယ် ..
အားလုံးပဲ နှုတ်ဆက်ခဲ့ပါတယ် ..

 

----------------

စာ အဟောင်းတွေထဲက တစ်ခုပါ.. ကြာပါပြီရေးထားတာ ..

 


 


NPMM တုန်းက စာတိုပေစ အဟောင်းလေးတွေပြန်စုစည်းခြင်းပါ. ..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

၁၁ နိုဝင်ဘာ ၂၀၀၄

 

ဒီနေ့ ရီလည်းရီရ ၊ ရှက်လည်းရှက်သွားရတဲ့ အဖြစ်တစ်ခုကြုံခဲ့တယ်

ဖြစ်ပုံက ဒီလို

မိတ်ဆွေတစ်ယောက်က ကိစ္စတစ်ခုသွားစရာရှိလို့

အိကို မနက် လာခေါ်မယ်တဲ့ တိုက်အောက်မှာစောင့်နေဖို့ ချိန်းထားတယ်

ချိန်းထားတဲ့ အချိန်လည်းရောက်ရော အေးအေးဆေးဆေး တိုက်အောက်ဘက်က lobby မှာ

ရပ်စောင့်နေတာပေါ့..

အဲဒီအချိန်တိုက်နောက်က car park ထဲမှာ ကားလာပြီး ဟွန်းတီးတာနဲ့

ခပ်သွက်သွက်လေးသွားလိုက်တယ် ..အနားရောက်မှ ကားမှားသွားမှန်းသိလိုက်တယ်.

ကားထဲကသူကလည်းကြောင်တောင်တောင်နဲ့ အိကို ကြည့်လို့ ..

အိလည်း ကားနဲ့ ၅လှမ်းလောက် အကွာမှ မှားမှန်းသိတော့ ရုတ်တရက်ဘာလုပ်ရမှန်းမသိ..

 တုန့်ခနဲ ရပ်.. ရှက်ကို့ရှက်ကန်းနဲ့ ဟိုကြည့်ဒီကြည့်လုပ်နဲ့

ရီကလည်းရီချင် ရှက်ကလည်းရှက်နဲ့ ဆိုပါတော့..

ပြီးတော့ မှ ယောင်နန နဲ့ တိုက်အောက်ထဲ ပြန်ဝင်လာပြီးရပ်နေရတယ် ..

အဲဒီလူရော ကားရော က အိမိတ်ဆွေနဲ့ သူကားနဲ့ ရော အတော်တူတာကိုး

ကိုယ့်ရဲ့ ရှပ်ပြာ ရှပ်ပြာ နိုင်တာလည်း ပါတာပေါ့ .. ဟီး..

တော်သေးတာပေါ့ ကားထဲရောက်မှ သိတာ မဟုတ်လို့ ..

 

အိရဲ့ ရှပ်ပြာ ဇာတ်လမ်းတွေက တော့စုံနေတာပါပဲ..

တစ်ခါတုန်းက ဆယ်တန်းအောင်ပြီးကာစ

ဖေကသိမ်ကြီးဈေးနား က လူရှုပ်တဲ့ လမ်းတစ်ခုမှာ parking ၀င်တုန်း

အိကို ကားနောက်ဘက်မှာ လွတ်မလွတ် လှမ်းကြည့်ခိုင်းတယ်..

အိလည်း ချက်ချင်း အဖေ့စကား မြေ၀ယ်မကျနားထောင်ပြီး

ကားပြတင်းပေါက်ကနေ ခေါင်းပြူပြီး နောက်ကို လှမ်းကြည့်ပေးတာပေါ့..

ထင်သလိုဖြစ်မလာပါဘူး .. ကားမှန်တင်ထားတာကို မေ့နေတာ ..

နှဖူးက ဒုံး ကနဲ အီစိမ့်သွားတာပဲ

ဖြစ်ချင်တော့ အဲဒီနေရာက ဆေးခန်းတစ်ခုရှေ့ ..

ဆောင့်မိတဲ့အသံကြောင့် ဆေးခန်းအ၀မှ ထိုင်စောင့်နေတဲ့လူတွေကလည်း

လှည့်ကြည့်ပြီး ပြုံးစိပြုံးစိနဲ့ .. အိကတော့ နှဖူးကို အသာပွတ်ပြီးမျက်နှာက လည်း ရှုံ့မဲ့လို့

ဖေကတော့ အဲဒီ့တုန်းက ရီလို့မဆုံးဘူး ..

ပြီးတော့ အဲဒီ့နေ့က အိမ်မှာ အဲဒါကို လျှောက်ပြောပါလေရော .. မုန်းဖို့ကောင်းလိုက်တာ ..

မေကတော့ ပြောပါတယ် `ရွှေအိတို့တော့ ဖြစ်ရမယ်´ တဲ့ ..

 


Blog EntryNo One's Gonna Ruin My MoodSep 19, '07 11:20 PM
for everyone

Another piece of SinFest that I like. Credit to  http://www.sinfest.net


Blog EntryJust WordsSep 2, '07 7:41 PM
for everyone

Just Words

Just Words 2

Just Words 3

Credit to Tatsuya Ishida www.sinfest.net

 


ဒီနေ့  ..
ကျောင်းက myanmar  fresher welcome bbq party ရှိလို့ pasir ris beach ကို ..
 အုပ်စုလိုက် ကျောင်းကနေ ..နေ့လည်တစ်နာရီလောက်သွားကြတယ်..
မနက်က ၉ နာရီ fyp project meeting နဲ့မို့လို့laptop ကိုလည်းသွားလေရာသယ်ယင်း ကိုးလို့ကန်လန်နဲ့ပေါ့..
တကယ်တော့ သိပ်မသွားချင်ခဲ့ဘူး..
ကျောင်းစဖွင့်တည်းက ဒီ အတန်းက သိပ်အရေးကြီးမှန်းသိရက်နဲ့
စိတ်အလိုကို လိုက်ြ့ပီး outing တွေ ခဏခဏထွက်နေတာ ..အချိန်တွေ မစီစဉ်နိုင်ပဲ ..
ဗြောင်းဆန်နေတာ ..ကိုယ့်ကိုကိုယ်သာအသိဆုံး .. ညကအိပ်ရေးမ၀တော့ .. အိပ်ကလည်းအိပ်ချင်နေတာ ..
ဒါပေမယ့်လည်း ..သူငယ်ချင်းတွေကို ခင်နေတဲ့ စိတ်နဲ့ပဲ ..ပါသွားတယ်ဆိုပါတော့ ..
ညမိုးချူပ်ထိမနေဘူးလို့တော့ ကိုယ့်ကိုကိုယ် ဆုံးဖြတ်ထားတယ် ..

ကျောင်းကစထွက်တော့ မိုးကသည်းနေတယ် .ဟိုရောက်တော့ မိုးမရွာဘူး..
ဒါပေမယ့် အုံ့မှိုင်းနေတာပဲ ..
 MRT station ကနေ..BBQ pit အထိလမ်းလျှောက်ကြတယ်ဆိုပါတော့ ..
လမ်းမှာ စိမ်းစိုနေတဲ့ရှုခင်းတွေ.. ဒီရေစပ် သစ်တောအုပ်လေးတွေဖြတ်လျှောက်ခဲ့တယ် ..
သူငယ်ချင်းတွေက အိကို ခဏခဏ လှမ်းနောက်ကြတယ်
´အိ ကအိမ်မက်ထဲမှာ လမ်းလျောက်နေတာတဲ့`
ညက မနက်လေးနာရီလောက်အိပ်ပြီး မနက် ရှစ်နာရီလောက် ထထားလို့ လူက မူးနောက်နောက်ဖြစ်နေတာ ...
ှရှုခင်းတွေကို ခံစားယင်း သီချင်းနားထောင်ယင်း ကိုယ့်အတွေးနဲ့ကိုယ် လျောက်နေတာကို.. နောက်ကြတာလေ .

သစ်တောအုပ်လေး တွေနဲ့ မြက်ခင်းပြင်တွေအလွန် .. ပင်လယ်ကို  စ အတွေ့မှာ .. တိမ်ညိုတွေလိမ့်လာပြီး  မိုးက စရွာတယ် ..
အနီးဆုံး မိုးခိုတဲ့နေရာဆီပြေးဝင်ကြရတာပေါ့.. အားလုံးရဲ့လက်တွေထဲမှာလည်း bbq အတွက်
အထုပ်တွေအပိုးတွေနဲ့ ..မိုးအတိတ်ကို ရပ်စောင့်ယင်း ပင်လယ်ကို ငေးနေကြတာပေါ့ ..
BBQ အတွက်တော့ စိတ်မပူကြပါဘူး..  singapore ရဲ့ မိုးက ဒီလိုပါပဲ ခဏပဲရွာပြီးတိတ်သွားတတ်တာကိုး ..

 တဲရဲ့ အမိုးစွန်းကနေ တစ်ဖြောက်ဖြောက်ကျနေတဲ့ မိုးရေစက်တွေကို လက်ဖ၀ါးနဲ့ အသာ ခံနေယင်း..
ရုတ်တရက် မိုးရေထဲ ပြေးဆော့ချင်စိတ် ပေါက်လာတယ် .. မိုးရေထဲ လမ်းလျှောက်တောင် မထွက်တာ ..
အလယ်တန်း ကျောင်းသူဘ၀လောက်တဲ့က ဆိုတော့ ဆယ်နှစ်ကျော်လောက်ရှိနေပြီ..

အဲဒါနဲ့ဘာမှမစဉ်းစားတော့ဘဲ ပါလာတဲ့ လွယ်အိတ်နဲ့ laptop ကို အသာချ ..
မိုးစက်တွေ ပျိုးခင်းလို့ လှချင်တိုင်းလှနေတဲ့ပင်လယ်ထဲ ပြေးထွက်ခဲ့တယ် ..
ပျော်လိုက်တာ ..မိုးစက်တွေကြားထဲ  ပင်လယ်ကမ်းစပ်ထဲ မှာ ရပ်ယင်း
လှိုင်းတွေက ကိုယ့်ကို လာတိုးဝှေ့ကြ တာ ခံစားယင်းပေါ့..
သည်းသည်းရွာနေပေမယ့် ..မိုးစက်တွေကလည်း မကြမ်းတမ်းဘူး ကိုယ့်ကိုပေါ်ကို နူးညံ့ညင်သာစွာ ရွာနေတာ...
လေကလည်း တဖြူးဖြူးနဲ့  ပင်လယ်ပြင်ထဲ ခုန်ဆင်းနေတဲ့ မိုးစက်တွေကို ကစဥ့်ကလျားဖြစ်အောင် ကျီစယ်ယင်း..
မိုးရေတွေစိုတဲ့တဲ့ ဆံနွယ်တွေကြားထဲ ပြေးဝင်ကြတယ် ..
အဲဒီလိုအချိန်မှာ အုံ့မှိုင်းနေတဲ့ ကောင်းကင်ကို မော့ကြည့်ပြီး ငေးနေရတာ ..အိမ်မက်မက်နေသလိုပါပဲ ..

ခဏနေတော့ နောက်ကနေ သူငယ်ချင်းတစ်ချို့လည်းလိုက်လာကြတယ် ..သူတို့လည်း ပျော်လို့ပေါ့..
(တစ်ချို့ကလည်း နောက်ကျိနေထဲ့ရေထဲမှာ အကောင်ရှိမှာ ကြောက်ကြနေကြသေးတယ် )
သူတို့က အိကိုမေးတယ် ..
အင်္ကျီအပိုပါလို့လား.. ရေကူးတတ်လို့လား တဲ့..
နှစ်ခုလုံးကို ခေါင်းခါပြီး ပြုံးပြလိုက်တယ် ..
ဘ၀မှာ တစ်ခါတစ်လေတော့ လည်း ဒီလိုရုးသွပ်ခွင့်ရှိပါတယ်နော်. .

တစ်ယောက်ကလည်း မေးတယ် ပြန်ယင်ဘယ်လိုပြန်မလဲတဲ့..
နောက်တော့ သူတို့လည်း အားလုံးပင်လယ်ထဲ ဆင်း ..တစ်ယေက်ကိုတစ်ယောက် စ နောက် ဆော့ကြယင်း
ခဏလေးပါပဲ..မိုးတိတ်သွားရော..

ဒီလိုနဲ့ပဲ ညနေခင်း မှာ ရာသီဥတုက သာယာလို့ game တွေဆော့ကြ bbq ကင်ကြယင်း အင်္ကျီတွေခြောက်သွားတယ် ..
စက်ဘီးလေး ခဏစီးပြီး ၆နာရီမှာ ပြန်ခဲ့တယ် ..သူငယ်ချင်းတွေကိုတော့ အားနာပါတယ်.. ညဥ့်နက်တဲ့ အထိ မနေနိုင်လို့ . ..
ဒီလိုပဲပေါ့ကွယ် ဒီရက်ပိုင်း..ပျော်စရာတွေလည်း ပျော်ပြီးပြီ.. ကြည်နူးစရာတွေလည်း ကြည်နူးခဲ့ပြီ .. လုပ်ချင်တာတွေလည်းလုပ်ခဲ့ပြီ..
လုပ်သင့်တာတွေကိုလည်း အချိန်ပေးရဦးမယ်လေ.. (ပုံလည်း ပုံနေပြီ ..ဟီး )

အဲဒီလို့လုပ်သင့်တာတွေကို မလုပ်ချင်တဲ့ စိတ်ဖြစ်တိုင်း မေမေပြောဖူးတဲ့ စကားလေးတစ်ခွန်းက ခေါင်းထဲဝင်လာတယ် ..
ဆယ်တန်းတုန်းက စာမေးပွဲတွေ အတွက်ကြိုးစားယင်း စိတ်ပင်ပန်းလွန်းလို့ စာမကျက်ချင်တော့ မေမေက ပြောတယ် ..
စာမေးပွဲက ပြီးသွားတော့ မှ ကိုယ်စာသိပ်ကျက်ချင်ယင်တောင် ဘာမှအကျိုးရှိလာမှာ မဟုတ်ဘူးတဲ့ ..ဒီအချိန်လေးပဲကြိုးစားရတာ သမီးရယ် တဲ့

မေမေပြောတာ ဟုတ်တယ် နော် အခွင့်အရေးတွေ  challenge တွေက ကိုယ့်အရည်အချင်းကို စမ်းသပ်နေတာ.. ပြီးတော့ နှစ်ခါပြန်မလာဘူး ..
အချိန်ပေးတုန်းလေး ကြိုးစားလိုက်စမ်းပါ အိရယ် .. (ဟီး self -motivation လုပ်နေတာ .. )

ဘာပဲဖြစ်ဖြစ်ဒီနေ့က တော့ အမှတ်တရပေါ့ .. =)

 


Blog EntryLiving in different worldsAug 14, '07 1:27 PM
for everyone

During these months, I feel as if I'm living in different worlds. um..Why ? These are my different worlds.

1) At Internship, I spend time with local schoolmate in relaxing work environment. Topics discussed are abt other schoolmates, subjects & profs. Ppl in that place are nice locals but they do not reach my inner circle of friendship and neither do I. -  I'm just an intern.

2) At home, I spend time with my Myanmar flat-mates. We talk about food, dishes , families and life in Singapore. Ppl at home are warm, nice in nature and peaceful. I love them as my sisters and my aunt. - I'm one of the sisters.

3) At the company of my freelance job, tasks are mostly urgent and rushing. I spend my time with local colleagues again. We talk about the errors, projects and clients. We joke abt each other. They are more than colleagues ,rather good friends to me as we've been working together for years.-  I'm a programmer.

4) At outing with my 2 best friends, we talk abt everything openly, share feeling, go shopping, take photos n have fun. To me, they are my beloved sisters who are caring, frank and super nice to me. -  I'm a lady.

5) At my final year project meetings, we plan, discuss, brainstorm and talk about the project management stuff, distributing the scopes, meeting the milestones,etc.. Team is made up of 4 Indonesians & 2 Myanmars. Project sponsor is American & clients are locals. Here, team dynamics is influential to individual's personalities. - I'm a project manager

6) At school campus, my time passes by listening to lecture (although.. not always. hee), discussing the topics, taking test n doing projects,etc,etc. - I'm a student.

7) At the badminton court, we talk mostly jokes while playing. All are SMU Myanmar students and they are so friendly & jovial.  - I'm a novice badminton player.

8) At my aunt's home, my aunt and I discuss about Dhamma and other personal development topics. It's so nice to listen to her advices. To me, she is my non-biological mother and I love her a lot too.. - I'm a kid.

That's all. Days seem vibrant and bustling. One day, there may be no one around me or I may not be capable of doing things. So, I'm appreciating the present although I wish to be with my family in Myanmar and sometimes I want to be slack or asleep for the whole day. :p

Current mood : calm

Current song : Heaven ~ Bryan Adam


Blog EntryNo Play ~ SinfestAug 10, '07 3:43 AM
for everyone

 

 

Play, No Play

This strip is taken from http://www.sinfest.net . my fav comic . Credit to Tatsuya Ishida.

Thx , Tatsuya Ishida for bringing Parcy and Pooch out.


Blog EntryBad ParrotAug 2, '07 11:08 PM
for everyone
A woman went to a pet shop & immediately spotted a large, beautiful parrot..
 
 There was a sign on the cage that said $50.00.
"Why so little," she asked the pet store owner.
 
The owner looked at her and said,
 "Look, I should tell you first that this bird used to live in a house of Prostitution and sometimes it says some pretty vulgar stuff."
 
The woman thought about this, but decided she had to have the bird any way.
 
She took it home and hung the bird's cage up in her living room and waited for it to say something.
 
The bird looked around the room, then at her, and said,
 
"New house, new madam."
 
The woman was a bit shocked at the implication,
 but then thought "that's really not so bad."
 
When her 2 teenage daughters returned from school the bird saw and said,
 
 "New house, new madam, new girls."
 
The girls and the woman were a bit offended but then began to laugh about the situation
 considering how and where the parrot had been raised.
Moments later, the woman's husband Keith came home from work.
 
The bird looked at him and said,
 "Hi, Keith!"
 
-----------------------------------------------------
got it from email ^.^ hee.. 

Blog Entrywho knows me the best?Jul 26, '07 2:32 PM
for everyone

All Burmese in Singapore are cordially invited to your Singapore Management University for the Tea Session. =) For more information, please check out our http://www.smu-myanmar.com.


You can now register for this seminar by calling us at 9855 6440, 8118 0702, 9181 4140.

Beyond Any Doubt The University of Choice!
 

An Invitation for the Burmese Community

Welcome to the world of SMU !

SMU offers you an extraordinary educational experience with our up-to-date, innovative curriculum that is unsurpassed in responding quickly to changing business needs. Besides mainstream areas like Accountancy, Business Management, Economics, Information System Management, Law and Social Sciences, you can take on second majors, double degrees and fast-track masters in our multi-disciplinary setting!

Beyond Any Doubt The University of Choice!

Our faculty comes from prestigious backgrounds in top international universities with noteworthy research and teaching credentials. Our unique seminar-styled teaching enables our students to interact in small groups with professors and pick up quantitative and leadership skills the business world values. From your first year, you will get to hear and learn from CEOs every week. You can go on business study missions in Asia, Europe and North America, and spend a semester at one of over 130 universities that have exchange agreements with SMU. Our graduates continue to be sought after: 80% were offered jobs even before they graduated or within one month of graduation. 71% receiving 2 offers to more than 10 job offers, and 100% were employed within 6 months.

Invitation to a high tea session

We would like to invite you to a personalized high tea session for the Burmese community in Singapore. We aim to provide you with insights to our programmes and the student life of our Burmese students at SMU. The programme will end with an intrinsic tour around the SMU Campus, where you get to see for the first time the wide range of facilities within SMU. This session will be conducted in Burmese language.

It is definitely not an event to be missed!

Details of the session:
Date :
Sunday, 12 August 2007
Time :
2pm – 4pm
Venue :

Conference Hall 2, Level 2,
School of Accountancy
Singapore Management University

60 Stamford Road
Singapore 178900


Register Now !

Please confirm your attendance by 27 July 2007 by registering online or
email: smu.myanmar@gmail.com.

See you on the 12th of August!

Cheers,

Linette Lim
Associate Director
Office of Undergraduate Admissions
Beyond Any Doubt The University of Choice!
   
 
 
 
  © Copyright 2007 by Singapore Management University. All Rights Reserved.  


Pages:12345678
© 2008 Multiply, Inc.    About · Blog · Terms · Privacy · Corp Info · Contact Us · Help